Breast Cancer Awareness Event – October 14, 2017

ပန်းလှိုင်စီလုံဆေးရုံ ၏ ရင်သားကင်ဆာ အသိပညာပေးခြင်း ၊ ကာကွယ်တားဆီးခြင်း နှင့် ကုသခြင်းဆိုင်ရာ လူထုလှုပ်ရှားမှု အခန်းအနားအား ကျင်းပပြုလုပ်

အောက်တို ဘာ ၂၄ ရက်နေ့  နံနက်ပိုင်းက ပန်းလှိုင်စီလုံဆေးရုံ၌ ကင်ဆာရောဂါ ကာကွယ်ကုသမှု ဌာန ပါမောက္ခ ဒေါ်ရင်ရင်ထွန်းမှ ဦးဆောင်ကာ ကင်ဆာရောဂါ ကာကွယ် တိုက်ဖျက်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ ပွဲတက်ရောက်လာသူ လူတန်းစား အသီးသီး၊ အသက်အရွယ်အသီးသီး အမျိုးသမီးများအား မိမိကိုယ်တိုင် ရင်သားအား စမ်းသပ်နည်း ၊ အခြားသူများအား ပညာပေးခြင်း နှင့် မှန်ကန်သော စားသောက် နေထိုင်မှုပုံစံများအား သင်ပြခြင်းတို့ အား အဖွဲ့ ငယ်လေးများခွဲကာ ထိရောက်စွာ ဆွေးနွေးပေးခြင်းတို့ အား ကျင်းပပြုလုပ်ခဲ့ ကြပါသည်။ ထို့ အပြင် ကိုယ်လက်လှုပ်ရှားအားကစား လုပ်ခြင်း၏ အကျိုးများကို နားလည်ကာ အလေ့ အကျင့် အဖြစ် ဆက်လက်ပြုလုပ်သွားစေလိုသည့် အတွက် Zumba အက ကို ပျော်ရွှင်စွာ စုပေါင်း ကကြခြင်းဖြင့် ရင်သားကင်ဆာ ကာကွယ်တိုက်ဖျက်ရေးအတွက်တက်ကြွလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါသည် ။

ဆရာမကြီးက “ ရင်သားကင်ဆာ ဆိုတာ စောစောသိရင် ထိရောက်တဲ့ ကုသမှုခံယူနိုင်လို့  ပျောက်ကင်းနိုင်တဲ့  ရောဂါလည်း ဖြစ်တယ် ၊ အမျိုးသမီးများ အသိသတိ ရှိကြပြီး ကိုယ့် ပတ်ဝန်းကျင်မှာ ပန်းရောင်လေးတွေ မြင်တာနဲ့ ကိုယ့် ရင်သားလေးတွေ စမ်းသပ်စစ်ဆေးအုန်းမှလို့ အသိဝင်စေခြင်ကြောင်း “ ပြောကြားသွားခဲ့ ပါသည်။ ဆက်လက်၍ ရင်သားကျန်းမာရေးလှုပ်ရှားမှု အသင်းကိုလည်း ဖွဲ့ စည်းထားကြောင်း၊ မည်သူမဆို အသင်းဝင်နိုင်ကြောင်း ၊ ယင်းအဖွဲ့ အစည်းလေးမှသည် အမျိုးသမီးထုကို အချင်းချင်းပညာပေးကြခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှု သေဆုံးမှုကို လျော့ ချသွားမည်ဖြစ်ကြောင်းနှင့် ဆရာမကြီးမှ ဦးဆောင်ကာ ပန်းလှိုင်စီလုံဆေးရုံ (ရန်ကုန်)၌ ကင်ဆာ ကာကွယ်ဆေးစစ် ဆေးခန်းလည်း ဖွင့်လှစ်ထားကာ ကင်ဆာရောဂါ ဖြစ်ပွားမည်ကို စိုးရိမ်နေသူများအတွက် ဆွေးနွေးမှု စစ်ဆေးမှုတွေလည်း ပြုလုပ်ပေးနေကြောင်း လည်း သိရှိရပါသည်။

ရင်သားကင်ဆာသည် တစ်ကမ္ဘာလုံးမှ အမျိုးသမီးတိုင်းအား ခြိမ်းခြောက်နေသည့် ကင်ဆာဖြစ်ပါသည်။ ယနေ့ ခေတ်တွင် အဖြစ်အများဆုံး ကင်ဆာဖြစ်သကဲ့ သို့ သေပျောက်နှုန်းလဲ အလွန်များသည့် ကင်ဆာဖြစ်ပါသည်။ Breast Cancer ဆိုသည်မှာ ကြိုတင်ကာကွယ်နိုင်သည့် ကင်ဆာဖြစ်ပါသည်။စင်စစ်မူ ရင်သား ကင်ဆာဖြစ်နေခဲ့ ပြီ ဆိုလျင်တောင် စောလျင်စွာ သိရှိပြီး ထိရောက်သည့် ကုသမှုခံယူမည်ဆိုလျှင် လူ့ သက်တမ်းစေ့နေနိုင်သည့် ကင်ဆာဖြစ်ပါသည်။ ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် Breast Cancer နှင့် ပက်သက်ပြီး ကျန်းမာရေး ဗဟုသုတ နည်းပါးကြသည့်အတွက် ဖြစ်ပွားမှု သေဆုံးမှု မြင့်မားနေကာ အသက်များ မဆုံးရှုံးသင့်ပဲ ဆုံးရှုံး နေကြရပါသည် ။ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများသည် အရှက် အကြောက်ကြီးကြပြီး မိမိရင်သားအား ဆရာဝန်နဲ့ ပြသဆွေးနွေးရန် ရင်သားဓာတ်မှန် ရိုက်ကြရန် တုံ့ နှေးကြသည့် အတွက် ကုသဖို့ အရမ်းခက်ခဲသည့် အချိန်ရောက်မှသာ ဆရာဝန်များနှင့် ပြသတတ်ကြကြောင်း ၊ မြန်မာနိုင်ငံမှာ အသိပညာ ဗဟုသုတ လုံလောက်စွာမရှိကြရလို့ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေကြရသည့် အတွက် ယခုလို ကင်ဆာရောဂါနှင့် ပက်သက်သည့် ပညာပေးဆွေးနွေးပွဲများအား မကြာခဏ ပြုလုပ်နေရခြင်း၊ လူတိုင်း တတ်နိုင်လောက်သည့် ငွေပမာဏနှင့် ရင်သား ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း ပန်းလှိုင်စီလုံဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးမှလည်း ထပ်လောင်း ပြောကြားသွားပါသည်။

 

 

Be the first to know about Pun Hlaing Siloam Hospital